သတင်းများ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 05,2025
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီစာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာရန် ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်း
Mar 05,2025
နည်းပညာဆိုင်ရာကိုကျောင်းသားကျောင်းသူများသင်ကြားသင်ယူရာတွင်ပိုမို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း(၇၅)စုံပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ကြက်သွန်နီ စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်
Mar 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာတွင် သီးထပ်စိုက်ပျိုးမှုအဖြစ် ကြက်သွန်နီစိုက်ပျိုးမှုကို လုပ်ကိုင်လာကြရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိ​သည်။
တောင်ငူ၌ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာနှင့် စက်ရုံလုပ်ငန်းဆုများ ချီးမြှင့်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းအသိပညာပေးဆောင်ရွက်
Mar 05,2025
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာနှင့် စက်ရုံလုပ်ငန်းဆုများ ချီးမြှင့်နိုင်ရေးအတွက် အဆိုပြုတင်သွင်းလာသော တောင်ငူမြို့နယ်ရှိ ခပေါင်းတိန်ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်သည်။
လမ်းမတော်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာမခင်စောတင့်ရေးသားသည့် "စိတ်ရှင်းရင် ဘဝလည်းရှင်းတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လသာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (Book Club) စာပေချစ်မြတ်နိုးသူများစာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
ပခုက္ကူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Mar 05,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ လုပ်ငန်းအောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
တံတားမြို့ ဇီးဖြူပင်ကျေးရွာ၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြဆောင်ရွက်
Mar 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ဇီးဖြူပင်ကျေးရွာတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြမှုများအား ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။