မှော်ဘီမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မှော်ဘီ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ​မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာဦးစီးဌာန အ.ထ. က -(၁) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားခြင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တင်ဇာလွင်က မဲပေးစက်ကိုင်တွယ်အသုံးပြုပုံပြုနည်းများအား ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဖြင့် စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲဝင်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာဆရာမများ၊ မှော်ဘီမြို့အခြေခံပညာဦးစီးဌာနမှ သင်တန်းသား သင်တန်းဆရာ ဆရာမတက်ရောက်ခဲ့သည်။

သင်တန်းကာလမှာ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၂) ရက်ဖြစ်ပြီး သင်တန်းအား နေ့စဉ် နံနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း၊ အီလက်ထရောနစ်မဲပေးစက် Installation ပြု လုပ်ခြင်း၊ MEVM စက်တည်ဆောက်ပုံစစ်ဆေးခြင်း၊ ကြိုတင်ပြင်ဆင်စမ်းသပ်ခြင်းများ၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အသုံးပြုရမည့် ပုံစံများ ရှင်းလင်းခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်းစသည့် လုပ်ငန်းစဉ်များအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)