ဘိုကလေး ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၁၂၉.၁၈၈)သန်းဖြင့် ရွာတန်းရှည်-ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက်လမ်းအရှည် (၀.၄၀၂) ကီလိုမီတာ၊ အကျယ် (၃.၆၆)မီတာ၊ ထု(၁၇၅)မီလီမီတာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာပြည့်မှီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းကျင်း လုပ်ငန်းမစတင်မီ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြိုအင်ဂျင်နီယာလုပ်ငန်းများအဖြစ် လမ်းဘေးဝဲယာခြုံနွယ်များရှင်းလင်းခြင်း၊ လိုအပ်သောနေရာများတွင် လမ်းတာဘောင်အကျယ်ပြည့်မီရေး မြေသားတဘောင်ချဲ့ခြင်း၊ လုပ်ငန်းသုံးပစ္စည်းများစုဆောင်းခြင်းစသည့် လိုအပ်သည်များအား ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက အကျိုးပြုရွာ (၃) ရွာ၊ အိမ်ခြေ(၈၀၂)အိမ်၊ လူဦးရေ(၃၁၈၇)တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် လွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးစက်