ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲ ကျင်းပ

ပင်လုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 ပြိုင်ပွဲတွင် အဆိုပါကျောင်းရှိ အလယ်တန်းကျောင်းသား/ကျောင်းသူ (၁၃)ဦးတို့က စာစီစာကုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၃)ဦးတို့က ပန်းချီပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုများအနေဖြင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုများ ရွေးချယ်သွားမည်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလိုပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူလေးများအား နေ့ထူးနေ့မြတ်အကြောင်းများသိရှိစေရန်၊ သမိုင်းကြောင်းများသိရှိစေရန်၊​

ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ အာဇာနည်စိတ်ဓာတ်များမွေးမြူထားရှိစေရန်၊ ဥာဏ်ရည်ထက်မြက်လာစေရန်၊ ဗလ(၅)တန်နဲ့ပြည့်စုံတဲ့ကျောင်းသား/ကျောင်းသူလေးများဖြစ်စေရန်ရည်ရွယ်၍ နှစ်စဥ်နေ့ထူးနေ့မြတ်များ၌ ယခုလိုပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)