ပလောက် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့် အထက်ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Pfizer Comirnaty JN-1 (Grey Cap) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဝန်ထမ်းမိသားစုဝင်များအား ကျန်းမာရေး ဝန်ထမ်းများက စာရင်းရေးသွင်းခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေး၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီးသူ များလည်း မိနစ်(၃၀) စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလာရောက် ထိုးနှံကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၁၈)နှစ် နှင့်အထက်ဝန်ထမ်းမိသားစုဝင်များကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပ လောက် (ပြန်/ဆက်)