ပေါက်ခေါင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့က ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းကျင့်ဝတ်စာအုပ်မှ ဝန်ထမ်းများ လိုက်နာရမည့် တာဝန်များနှင့် ဝန်ထမ်းစည်းကမ်းများ ခေါင်းစဉ်ဖြင့်ဦးဆောင်ဖတ်ကြားဆွေးနွေးပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများ အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက တာဝန်ထမ်းဆောင်မှုကို အကြောင်းပြုသော ခံစားခွင့်များ အကြောင်းကိုလည်းကောင်း၊ အခြားဝန်ထမ်းများမှလည်း သက်ဆိုင်ရာခေါင်းစဉ်ခွဲအသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဝန်ထမ်းစာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်ရုံးတွင် လစဥ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)