မုဒုံမြို့၌ နွေစပါး ဧက ၁၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Mar 05,2025
မွန်ပြည်နယ် မုဒုံမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေစပါး ၁၅၇၁ ဧကစိုက်ပျိုးရန်လျာထားပြီး ယခုအခါ ၁၀၄၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။