ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပလောက် ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ် ပုံမှန်ကာကွယ်ဆေးများထိုး နှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက်နှစ်နှစ်အထိ ကလေးများအား BCG ရောဂါကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ် ဆေးစသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပလောက် (ပြန်/ဆက်)