စလင်း ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက်(၉)နာရီ ၁၅ အချိန်က HIV/AIDS ရောဂါကာကွယ်တားဆီးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်အဝေးတွင် ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထိုသို့HIV/AIDS ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားရာတွင် HIV ရောဂါပိုး အကြောင်း၊ HIVရောဂါပိုးကူးစက်ပုံ၊ HIVရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေးလုပ်ငန်း၊ HIV ရောဂါစစ်ဆေးခြင်း အကြောင်းအရာတို့ကို ပြည့်စုံစွာပြောကြားခဲ့ရာ HIV ရောဂါပိုးဟာ လူခန္ဓာကိုယ်ကိုရောဂါပိုးမွှားတွေရဲ့ ရန်ကနေကာကွယ်ပေးသော ခုခံအားစနစ်ကို ဖျက်ဆီးပစ်သည့် VIRUS ပိုးတစ်မျိုးဖြစ်ပြီး HIV ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ဖို့ နည်းလမ်း(၄)မျိုးရှိကြောင်း၊ (၁)အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ (၂)HIVပိုးပါသော သွေးသွင်းမိခြင်း (၃)HIVရောဂါပိုးရှိသော မိခင်မှ ကလေးသို့ကူးစက်ခြင်း (၄)မသန့်ရှင်းသော ဆေးထိုးအပ်များကို မျှဝေသုံးစွဲရာမှ ကူးစက်ကြောင်းတို့ဖြစ်သည်။ (HIVပိုးကူးစက်မှုသည် လိင်လုပ်သားများ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူများ မူးယစ်ဆေးဝါးအကြောထဲသို့ ထိုးသွင်းသူများတွင် ပိုမိုများပြားလျက်ရှိကြောင်း စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် HIV ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် မိခင်မှကလေးသို့ HIV ကူးစက်မှုကာကွယ်ရေးစီမံချက် (MPTCT)ကွန်ဒုံးများ ဖြန့်ဝေခြင်းလုပ်ငန်း စသည့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိခင်မှကလေးသို့ HIV ပိုးကူး စက်မှုကာကွယ်ရေး(PMTCT)ကို တစ်မြို့နယ်လုံး လွှမ်းခြုံဆောင်ရွက်လျက်ရှိကြောင်းဖြင့် ၂၀၂၂ ခုနှစ်တွင် ကိုယ်ဝန်ဆောင်(၁၉၃၆)ဦး ကိုယ်ဝန်ဆောင်၏ အမျိုးသား(၆၇)ဦးတို့အား စစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့သော ကိုယ်ဝန်ဆောင်(၅)ဦးနှင့် ကိုယ်ဝန်ဆောင်၏ အမျိုးသား(၁)ဦးတို့ကို (ART)ဆေးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
စလင်းမြို့နယ်HIV/AIDS ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင့်ဆွေနှင့် ကျန်းမာရေးမှူးများနှင့် ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ဟော်တယ် မော်တယ်လုပ်ငန်းရှင်များ လူမှုရေးအဖွဲ့အစည်းများနှင့် HIV ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားက အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)