နေပြည်တော် ဒီဇင်ဘာ ၉
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့ နံနက် ၆ နာရီအချိန်က တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။
အဆိုပါ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီးရှိ မော်လိုက်မြို့တို့တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်းမြို့၊ ဘုတ်ပြင်းမြို့နှင့် ကျွန်းစုမြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးညိုမြို့၊ ကြို့ပင်ကောက်မြို့၊ လက်ပံတန်းမြို့၊ ဇီးကုန်းမြို့၊ ပဲခူးမြို့၊ ကျောက်တံခါးမြို့၊ ပြည်မြို့၊ ပေါင်းတည်မြို့၊ ပန်းတောင်းမြို့၊ ရွှေတောင်မြို့၊ သာယာဝတီမြို့၊ ဖြူးမြို့၊ တောင်ငူမြို့၊ ညောင်လေးပင်မြို့၊ ပေါက်ခေါင်းမြို့၊ သဲကုန်းမြို့၊ အုတ်ဖိုမြို့နှင့် ဝေါမြို့တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ သရက်မြို့၊ ငဖဲမြို့၊ ဆင်ပေါင်ဝဲမြို့၊ မင်းလှမြို့၊ စလင်းမြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ ဆင်ပေါင်ဝဲမြို့၊ မင်းတုန်းမြို့၊ အောင်လံမြို့၊ ချောက်မြို့၊ နတ်မောက်မြို့၊ ပွင့်ဖြူမြို့၊ ကံမမြို့၊ ရေနံချောင်းမြို့နှင့် မြို့သစ်မြို့တို့ တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ သာစည်မြို့နှင့် ညောင်ဦးမြို့တို့တွင်လည်းကောင်း၊ မွန်ပြည်နယ်ရှိ သထုံမြို့၊ ကျိုက်ထိုမြို့၊ မုဒုံမြို့နှင့် ပေါင်မြို့တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ တာမွေမြို့၊ လှိုင်မြို့၊ ဗဟန်းမြို့၊ အလုံမြို့၊ စမ်းချောင်းမြို့၊ ထန်းတပင်မြို့၊ မှော်ဘီမြို့၊ လသာမြို့၊ မရမ်းကုန်းမြို့၊ ကြည့်မြင်တိုင်မြို့၊ ဒဂုံမြို့၊ ဒေါပုံမြို့၊ တိုက်ကြီးမြို့၊ ကော့မှူးမြို့၊ တွံတေးမြို့၊ ဒလမြို့၊ လမ်းမတော်မြို့၊ လှည်းကူးမြို့၊ ခရမ်းမြို့နှင့် ကျောက်တန်းမြို့တို့ တွင်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ဟိုပုံးမြို့၊ ကွန်ဟိန်းမြို့၊ မိုင်းယုမြို့၊ လွိုင်လင်မြို့၊ ပင်းတယမြို့၊ လဲချားမြို့၊ မိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ မိုင်းယောင်းမြို့၊ မိုင်းပန်မြို့၊ တာချီလိတ်မြို့၊ မောက်မယ်မြို့၊ ကျိုင်းတုံမြို့၊ မိုင်းပျဉ်းမြို့၊ မိုင်းစံမြို့၊ ကလောမြို့နှင့် ညောင်ရွှေမြို့တို့ တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၊ ကျိုက်လတ်မြို့၊ ဘိုကလေးမြို့၊ ဓနုဖြူမြို့၊ ကျောင်းကုန်းမြို့၊ မော်လမြိုင်ကျွန်းမြို့၊ လပွတ္တာမြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ ဇလွန်မြို့၊ အင်္ဂပူမြို့၊ ကြံခင်းမြို့၊ ဖျာပုံမြို့၊ ညောင်တုန်းမြို့၊ အိမ်မဲမြို့၊ မြောင်းမြမြို့၊ ကျုံပျော်မြို့၊ ဒေးဒရဲမြို့၊ ကန်ကြီးထောင့်မြို့နှင့် သာပေါင်းမြို့တို့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြသည်။
ရှေးဦစွာ အဆိုပါစုပေါင်းလမ်းလျှောက်သူများသည် သက်ဆိုင်ရာစုရပ်များမှတစ်ဆင့် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကိုလည်း ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်သူများအား ဌာနဆိုင်ရာ များ၊ အလှူရှင်များကလည်း နံနက်စာ ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည် အစရှိသည့်မုန့်များဖြင့် ကျွေးမွေးခဲ့ကြ ကြောင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို သက်ဆိုင်ရာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရ သည်။
အမြို့မြို့အနယ်နယ်သတင်းများ