ဒေးဒရဲမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များ ကြိုဆိုဂုဏ်ပြု
May 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ကိုယ်စားပြု ရွေးချယ်ခံရသည့် လူရည်ချွန်မောင်မယ်များအား နိုင်ငံတော်မှ အပန်းဖြေ လေ့လာရေးခရီးစဥ်အဖြစ် စေလွှတ်ခဲ့သော လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် Grade(10) ကျောင်းသူ မယွန်းခင်မင်းမြတ်အောင်နှင့် Grade(9) ကျောင်းသား မောင်ဇွဲထက်စံတို့အား မြို့နယ်ပညာရေးမှူး ဦးလှစိုး ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့သူ၊ မြို့သားများက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။