ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
May 05,2023
နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ရှင်သာမဏေများနှင့်သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကော့ကရိတ်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ကော့ကရိတ်မြို့နယ်၊ ကော့ပလံဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။