ကလိန်အောင်မြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ
May 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့၌ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ က ကလိန်အောင်မြို့ အထင်ကရဘုရားတစ်ဆူးဖြစ်သော သမိုင်းဝင်ရှင်ကိုးရှင် ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး တောင်ပေါ်တွင်ရှိသော မဟာဗောဓိညောင်ပင်ကြီးကို ရေသွန်းလောင်းလှူဒါန်းခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။