အောင်လံ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမြင့်သန်းသည် ခရိုင်အဆင့်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အောင်လံခရိုင်အတွင်းဆောင်း သီးနှံလျာထားချက်ပြည့်မီရေးအတွက် ပြီးခဲ့သည့် (၂) ရက် မိုးအနည်းငယ်ရွာသွန်းသဖြင့် အစိုဓာတ်ရှိနေချိန်တွင် သီးနှံများကို တွန်းအားပေးစိုက်ပျိုးကြရန်၊ နှစ်ကုန်သီးနှံစုစုပေါင်း စိုက်ဧက ရည်မှန်းချက်ပြည့်မီအောင် မြို့နယ် (၂) မြို့နယ်လုံးက အလေးထားဆောင်ရွက်ကြရန်၊ ဆည်ရေသောက်ဧရိယာနှင့် မြစ်ရေတင်ဧရိယာများတွင် မိုးစပါးအပြီး ဆောင်းသီးနှံတစ်မျိုးမျိုးကို ရအောင်စိုက်ပျိုးကြရန်၊ တစ်ခရိုင်လုံးတွင် နွေစပါးဧကစုစုပေါင်း (၅၈၀၀) ကျော်ခန့်စိုက်ပျိုး ရန်၊လျာထားမှုအနက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် ဆာဖိုးသာစပါးမျိုးကို ဧက (၂၀၀၀) ထည့်သွင်းစိုက်ပျိုးပြီး (၁) ဧကလျှင် တင်း (၁၅၀) နှုန်း ထွက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ (၁) ဧက တင်း(၁၅၀)နှုန်း ထွက်ရှိရန်အတွက် မြေပြုပြင်သည့်အချိန်မှစ၍ စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများသတ်မှတ်ချက် အတိုင်း ထည့်သွင်းရေး၊ အချိန်မီပေါင်းရှင်းလင်းရေးစသည်တို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် နွေစပါးစီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထပ်ဆင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင် ဌာနဆိုင်ရာများကိုလည်း ဧရိယာသတ်မှတ်ကာ တာဝန်ခွဲဝေပေးအပ်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆောင်းသီးနှံများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်မည့်အခြေအနေ၊ နွေစပါးစီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)