Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မိုးကောင်းမြို့ (Community Centre) ခန်းမ၌ လောကဓံဘောလုံးလေး အတွေးရသစာစုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 13,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ က ဦးဘုန်း(ဓာတု)ရေးသားသည့် လောကဓံဘောလုံးလေးအတွေး ရသစာစုစာအုပ်ဖြင့် ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်း (Clean & Green Schools) အကောင်အထည်ဖော်ဆောင်ရေး မြစ်ကြီးနားခရိုင် အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်
Dec 13,2023
ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ် အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) ပေါ်ထွန်း လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့ နံနက် ၁၀ နာရီက အောင်နန်းရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နိုင်ငံရတနာခန်းမ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပံ့ပိုးငွေများကို ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံးတို့တွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 13,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ် အမက-မူလွန်(ဖျင်ဇင်း)၌ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 13,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ဖျင်ဇင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများအထွက်နှုန်းတိုးတက်စေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထား
Dec 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေတောင်သူများ သီးနှံများအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများ နှစ်စဉ်ဆက်တိုက် လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများထိခိုက်လာခြင်း၊ လူနှင့်သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုကျော်လွှားစေရန်ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ခင်စောတင့်ရေးသားထားသော "စွန့်စားမှု ဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Dec 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာအလယ်တန်းကျောင်း(နေရှင်နယ်)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Dec 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရှမ်းပွဲရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးအခြေခံပညာ အလယ်တန်းကျောင်း (နေရှင်နယ်)ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11228
Page
11229
Page
11230
Page
11231
Current page
11232
Page
11233
Page
11234
Page
11235
Page
11236
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department