သတင်းများ

ပန်းတောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းဆောင်ရွက်
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းကို ယနေ့နံနက် (၈:၀၀)အချိန်က ကြခတ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် တွင် လူရည်ချွန် မောင်မယ်များအားကြိုဆို
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ လူရည်ချွန် မောင်မယ်များအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြိုဆိုခဲ့ကြသည်။
ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းအသိပညာပေး
May 05,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယမန်‌နေ့နံနက် ၁၀ နာရီအချိန်က စလေမြို့ရှိ စားသောက်ကုန်လုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရမည်းသင်းမြို့၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
May 05,2023
(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရမည်းသင်းခရိုင် မီးသတ်စခန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အ.ထ.ကညောင်ခြေထောက်၌ မြို့နယ်ပညာရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုကို ယမန်နေ့ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ တစ်သီးစိုက်မှ နှစ်သီးတိုးမြှင့်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မြေနမူနာရယူခြင်းများဆောင်ရွက်
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း တစ်သီးစိုက်မှနှစ်သီး တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြေနမူနာရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်
May 05,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။