သတင်းများ

မံစီမြို့နယ်၌ (၇၇)နှစ်မြောက်မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
May 04,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံစီမြို့မဈေး၌ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့သည်။
ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြို့နယ် တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်
May 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း(၄၁၅)သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့်  RC တစ်ထပ် မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက မချမ်းဘောမြို့၊ ရပ်ကွက်(၃)ရှိ အဆိုပါမြို့နယ် တရားရုံးသစ်‌ရှေ့၌ ကျင်းပပြုလုပ်သည်။
ကျောက်ဖြူမြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
May 04,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ ညနေ ၅ နာရီအချိန်ပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
ဟိုပန်၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်
May 04,2023
ဝေးလံခက်ခဲသောဒေသမှ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးဦးစီးဌာနအား အထောက် အကူပြုစေရန် ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊
ကျောက်ဖြူမြို့၌  (၈)ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်
May 04,2023
၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် မရမာကြီးတိုင်းရင်းသားတို့၏ (၈)ကြိမ် မြောက် မရမာကြီးအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့ ချမ်းမြေ့သာယာအဝေးပြေးကားဂိတ်၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်တွေမြို့၊ မရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇောတိကနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး
May 04,2023
 ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်--၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီချိန်က အိမ်အပြင်ထွက် သွားလာကြသည့် ပြည်သူများအား  mask နှာခေါင်းစည်း တပ်ဆင်၍ သွားလာကြရေးအတွက် mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့မစျေးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
May 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်း ပါးစပ်နှင့်