သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ကြံတစ်တန် ကျပ် ၁၂၀၀၀၀ ထိ ဈေးကောင်းရ
Dec 11,2023
ကြံရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်ရုံမှ ကြံတစ်တန်စက်ရုံအရောက် ကျပ် ၁၂၀၀၀၀ ထိ ဈေးပေးဝယ်ယူသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။
အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၀) စက်မှုလယ်ယာစခန်းရုံးတွင်ပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 11,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းနှင့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အ‌နောက်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွ င်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃) ကျင်းပပြုလုပ်
Dec 11,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃) ကျင်းပပြုလုပ်သည်။
ကဝမြို့နယ် အ.မ.က(မူလွန်) ဇွဲကိုက်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဇွဲကိုက်ကျေးရွာ အ‌ခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ (၁၆)ကြိမ်မြောက် အာခါတိုင်းရင်းသားများစုပေါင်း ခါးထောင်းဖါးပွဲတော်ကျင်းပ
Dec 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အာခါတိုင်းရင်းသားတို့၏ (၁၆)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီက တာချီလိတ်မြို့၊ ပါလျှံ ၁ ရပ်ကွက်၊ တာဟွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး (campaign)ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ် အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း campaignနှင့် ကြွပ်ကြွပ်အိတ် အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။