သတင်းများ

ဇမ္ဗူသီရိမြို့နယ်တွင် ပန်းကြယ်သီးထိုးနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
May 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပန်းကြယ်သီးထိုးနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
May 05,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘောလုံးချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် အင်းလေလံနှင့် ပိုက်ချက်တင်ဒါ ရောင်းချပွဲ အခမ်းအနား ကျင်းပ
May 05,2023
ဧရာဝတတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် အင်းလေလံနှင့် ပိုက်ချက်တင်ဒါ ရောင်းချပွဲအခမ်းအနားကို ယမန်နေ့ နံ့နက် ၁၀ နာရီက ဟင်္သာတခရိုင် ငါးလုပ်ငန်း ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့နံနက်က စည်ပင်သာယာရေးကော်မတီ၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးရုံးသို့ သုတရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  
မြောင်းမြမြို့ စွမ်းအားတောရ ဓမ္မရိပ်သာကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် ရွှေတိဂုံစေတီတော်မြတ်ကြီးပုံစံတူ မဟာ အတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ် အောက်ဝမ်းကြာ တိုက် ဌာပနာထည့်သွင်း ပူဇော်ပွဲအခမ်းအနားကျင်းပ
May 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပဋိပတ္တိစွမ်းအားတောရ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် တည်ထား ကိုးကွယ်မည့် ဉာဏ်တော် ၁၃၅ ပေ ရှိသည့် ရွှေတိဂုံ စေတီတော်မြတ်ကြီး ပုံစံတူ မဟာအတုလမြတ်ဗုဒ္ဓ စွမ်းအားစေတီတော် မြတ်ကြီး၏ အောက်ဝမ်းကြာတိုက် ဌာပနာထည့်သွင်း ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနား ကို ကဆုန်လပြည့်ဗုဒ္ဓနေ့ မေ ၃ ရက်နေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။
မြင်းခြံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
May 05,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းကို ယနေ့နံနက် (၉) နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ  မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွနှင့် အသုံးအဆောင်များ ပေးအပ်
May 05,2023
ပုလောမြို့အမှတ်(၁)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ပုလောမြို့ အမှတ်(၁)ရပ်ကွက်၌  ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်မြို့ မြို့မစျေးနှင့်စက်လှေဆိပ်များ၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်
May 05,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့မစည်ပင်သာယာစျေးနှင့် စက်လှေဆိပ်များ၌ ဖြန့်ဝေခဲ့ကြသည်။