သတင်းများ

ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌ ဖလား (အလွတ်တန်း)နှင့် ကန်တော်ကြီးဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး
Dec 17,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံးကြီးမှ အထူးကု ဆရာဝန်ကြီးများပါဝင်သော အထူးကုအဖွဲ့မှ တောင်ဇင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်ဇင်းအုပ်စု တိုက်နယ်ဆေးရုံဝင်းအတွင်း ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှုကာကွယ်ရေးနိုင်ရေး ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှု လုပ်ငန်း ၆၈ ရာခိုင်နှုန်းကျော်ပြီးစီး
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် ကွန်ကရစ်ပိုင် အခြေပြုကျောက်စီ မြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
အရင်းအနှီးနည်းသော တစ်ရှူးငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိနိုင်
Dec 16,2023
အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူများသည် ယခုအခါ တစ်ရှူးငှက်ပျောပင် စိုက်ပျိုးသူ များပြားလာကြောင်း  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများထံမှ သိရှိရသည်။
မိုင်းယောင်းမြို့တွင် စားရေရိက္ခာ ဖူလုံစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှု
Dec 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စားရေရိက္ခာ ဖူလုံစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ပြုလုပ်
Dec 16,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် အမျိုးသားဘော်လီဘော ပြိုင်ပွဲပြုလုပ်ပြီး ဆုများချီးမြှင့်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ပြုလုပ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 16,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။