သတင်းများ

မြင်းခြံမြို့ အထက-ခွဲ (အလင်းရောင်) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်
Dec 17,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အထက-ခွဲ (အလင်းရောင်) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်း (Grade 5) ပြီးမြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 17,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (Grade 5) ပြီးမြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ် အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေး
Dec 17,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီက ပေါင်းရပ်ကွက်ရှိ စတိုးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပ
Dec 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင် ချစ်မြတ်နိုးသူများအသင်းနှင့် (Book Club) တို့ ပူးပေါင်းကာ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့်“ လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး ဥတ္တရသီရိမြို့နယ်တွင် Box Culvert တစ်စင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး
Dec 17,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်း လမ်းဘေးဝဲယာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားသည်။
ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး (ဧရာမင်း) စံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 17,2023
စပါးတစ်ဧကအထွက်နှုန်း မိတ်ဖက်များဖြစ်သည့် တစ်ဧကဝင်ဆန့်သည့် ကောက်ကွက်အရေအတွက်၊ အနှံပါပင်ပွားအရေအတွက်၊ တစ်နှံပါ အောင်စေ့အရေအတွက် စသည်ကို သိရှိခြင်းအားဖြင့် နောင်နှစ်စပါးစိုက်ရာသီတွင် အားသာချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးမြှင့်ရေးကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး (ဧရာမင်း) စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာလ(၁၄)ရက် နံနက် ၉ နာရီခွဲအချိန်မှစတင်၍ (ည)ရပ်ကွက်၊ ကွင်းအမှတ်(၅၆၈)၊ ဦးပိုင်(၆၈/၁)၊ တောင်သူ ဦးတင်မျိုးဝင်း၏ မိုးစပါး ဧရာမင်း စိုက်ခင်းတွင်ရိတ်သိမ်းပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။
အမာမြို့၊ ဘဝသစ်(၁)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်(၁)ကျေးရွာ၊ အ‌ခြေခံပညာမူလတန်းကျောင်းတွင် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆီဆိုင်မြို့နယ်ရှိ မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု
Dec 17,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၁၁) နာရီ (၄၅) မိနစ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် လမ်းအရှည် (4.102Km) အား (9.14m) အကျယ် လမ်းတာချဲ့ရန်နှင့် ဖြတ်မြေလုပ်ငန်း အပါအဝင် (5.48m) အကျယ်အား သဲဗြုန်း (100mm) ထုခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။