သတင်းများ

မင်းလှမြို့နယ်တွင် သုတဓမ္မဒီပလိုမာ စာမေးပွဲဖြေဆို ကျင်းပ
Dec 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) မှ ကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာစာမေးပွဲ ပဲခူးစာဖြေဌာန (၅) ကို အမှတ် (၆) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဒီဇင်ဘာ (၁၆) ရက် နေ့လယ် (၁း၀၀) နာရီချိန်က စတင်ဖြေဆို ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့၌ (၂၁) ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၂၁) ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၇:၀၀) နာရီခန့်က စေတီတော်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့်တွေ့ဆုံ
Dec 17,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယမန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျအားကစားခန်းမ၌ တွေ့ဆုံခဲ့သည်။
အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ဂုဏ်ပြုဆုရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ အားကစားသမားများအား ကြိုဆိုဂုဏ်ပြု
Dec 17,2023
၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် U-18 အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ရွှေတံဆိပ် (၃) ဆု၊ ငွေတံဆိပ် (၂) ဆု၊ ကြေးတံဆိပ် (၂) ဆုဖြင့် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ အားကစားသမားများအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြအောင်နှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ တိုင်းဒေသကြီးပညာရေးမှူးရုံး၌ သောင်းသောင်းဖြဖြ အားပေးကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
(၄၉)​နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Dec 17,2023
ရခိုင်စာပေနှင့် ယဥ်ကျေမှုအဖွဲ့ (ရန်ကုန်)က ကြီးမှူးကျင်းပသည့် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
မြို့သစ်မြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက မင်းရပ်ကွက်၊ ကွင်းအမှတ် (၂၆၀၈.ခ)၊ ဦးပိုင် (၉၃.၁) တောင်သူဦးအေးထွန်း၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေများလှူဒါန်း
Dec 17,2023
ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် ဆေးဝါးတက်ရောက် ကုသနေသော စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေများလှူဒါန်းပွဲအခမ်းနားကို ယနေ့ မွန်းလွဲ (၁၃) နာရီက ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) ၏ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဆင်းလက်မှတ်ချီးမြှင့်
Dec 17,2023
ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွင် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆက်လျဉ်းစပ်၍ လုပ်ငန်း တည်ထောင်ထားသူများ၊ ယင်းလုပ်ငန်းတွင် ကြီးကြပ်ဆောင်ရွက်နေသူများအတွက် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် သင်ကြားပို့ချခဲ့သည့် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးသင်တန်း၏ သင်တန်းဆင်းပွဲကို ယမန်နေ့တွင် အသင်းချုပ်၌ ကျင်းပခဲ့ပါသည်။