ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှုကာကွယ်ရေးနိုင်ရေး ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှု လုပ်ငန်း ၆၈ ရာခိုင်နှုန်းကျော်ပြီးစီး

ပခုက္ကူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် ကွန်ကရစ်ပိုင် အခြေပြုကျောက်စီ မြေထိန်း နံရံတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒေသ(၄) မကွေးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကျပ် ၈၂၆ ဒသမ ၂၇ သန်းဖြင့် ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှု ကာကွယ်ရေးနိုင်ရေးအတွက် အလျား ၁၂၀၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁ ပေခွဲရှိသည့် ကွန်ကရစ်ပိုင် အခြေပြု ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို  အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ၆၈ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြေနေရာရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်း၊ ကွန်ကရစ်ပိုင်တိုင်များပြုလုပ်ခြင်း၊ ကွန်ကရစ်အောက်ခံ လောင်းခြင်း၊ Steel Basket ပြုလုပ်ခြင်း၊ Steel Basket အတွင်း ကျောက်ကြီးစီခြင်းများအပါအဝင် သတ်မှတ် စံချိန်စံနှုန်းများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ မတ်လကုန်အတွင်း လုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေး မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဦးစီးဌာန တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးရေအရင်း အမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးနောင်နောင်ဇော်လင်းက ပြောပြသည်။

ဘာမီသာ(ပခုက္ကူ)