စေတုတ္တရာ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ပြိုင်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဦးရဲထွန်းကပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအား စေတုတ္တရာမြို့နယ်အထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ(၃)ဦးက "လွတ်လပ်ရေးမှသာပိုမိုကောင်းမွန်သောအနာဂတ်နိုင်ငံဆီသို့"လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ စာစီစာကုံးအား မူလတန်းအဆင့်(၁၂)ဦး၊ အလယ်တန်းအဆင့်(၁၁)၊ အထက်တန်းအဆင့်(၂)ဦးစုစုပါင်း(၂၅)ဦးနှင့် ကဗျာပြိုင်ပွဲအထက်တန်းအဆင့်(၂)ဦးတို့ကို "လွတ်လပ်ရေးအသီးအပွင့်များ"ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်အဆင့်ဆုရရှိများအား မင်းဘူးခရိုင်သို့သွားရောက်ယှဉ်ပြိုင်၍ ဆုရရှိသူများကိုဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြာင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်၊ ဒုမြို့နယ်ပညာရေးမှူးဦးရဲထွန်း၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိအထက်တန်း၊ အလယ်တန်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)