Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မိုင်းယောင်း၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး
Dec 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးပွဲကို ယမန်နေ့က အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ
Dec 20,2023
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြေပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးရေးကို အခြေခံ၍ လယ်ယာထုတ်ကုန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို ဦးစားပေးပြီး နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ပြီး လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော်ကြီး အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့အဖြစ် ယမန်နေ့ညပိုင်းက အနယ်နယ်အရပ်မှ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Dec 20,2023
တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်းအိမ်ရာ၊ ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့မှ ထူးချွန်ဆုရ ကျောင်းသားအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
Dec 20,2023
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ နေပြည်တော်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့မှ ထူးချွန်ဆုရ ကျောင်းသားအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား
Dec 20,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ ကျောက်ရပ်ကျေးရွာ၊ စပါးတောင်လမ်းသွယ်တွင် နေထိုင်သည့် မီးဘေးသင့်ပြည်သူများနှင့် ဇရစ်ရပ်ကွက်၊ အာဇာနည်လမ်းတွင် နေထိုင်သည့် မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေး
Dec 20,2023
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကျောဘုတ်ဥယျာဉ်ရှိ ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11162
Page
11163
Page
11164
Page
11165
Current page
11166
Page
11167
Page
11168
Page
11169
Page
11170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department