သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ ရခိုင်ပြည်နယ်ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 16,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
သာစည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်စိုက်ပျိုးထားသည့် မိုးစပါးတစ်ဧကစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်
Dec 16,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကွင်းအမှတ်(၁၈၇၃)ဦးပိုင်အမှတ် (၁၇/ခ)တောင်သူဦဆန်းထူး၏ မိုးစပါး(မနောသုခ)၁.၀၀ ဧက စံကွက်တွင်ပြုလုပ်ရာ တစ်ဧကစပါး ၉၅ တင်း ထွက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) မှ ကွင်းဆင်းကုသရေးအဖွဲ့အား တွေ့ဆုံအားပေး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူများ တွေ့ဆုံပွဲ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကွင်းပိတ်စိုက်ပျိုးပ
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များ၌ ယခုလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းအခမဲ့ ကုသပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်တမ်းကောက်ယူခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ပေးခဲ့သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) မှ ကွင်းဆင်းကုသရေး အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့သည်။ အဆိုပါကုသရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များရှိ ဒေသခံပြည်သူများအား သွားနှင့် ခံတွင်းအခမဲ့ကုသပေးခြင်း (၁၀၂၂) ဦး၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း (၁၉၅၂) ဉီး၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်တမ်းကောက်ယူခြင်း (၁၆၇၃) ဦး၊ သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးခြင်း (၂၁၉၀) ဦးအား ကုသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်
Dec 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူလူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊  အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့‌ညနေ့(၃)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 16,2023
မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကိ ယနေ့နံနက် ၅ နာရီခွဲက ကန်သာမင်္ဂလာကန်တော်၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယအဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
မအူပင်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ(၃)နာရီက အဆိုပါကျောင်းရှိ ပညာဖြိုးဝေခန်းမတွင် ကျင်းပပြုလုပ်သည်။