သတင်းများ

စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာဆိုတော်များအားပူဇော်ကန်တော့
Dec 17,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ကြီးမြို့နယ်မှ ကြီးမှူးကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာဆိုတော်များအား ပူးဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံ သုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရာ၌ အခက်အခဲ မဖြစ်ပေါ်စေရေး ဆောင်ရွက်
Dec 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရာ၌ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တောင်ကြီးတက္ကသိုလ်တွင် (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၏ (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးတက္ကသိုလ်၊ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီး
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နေကြာသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နေကြာသီးနှံ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
မြင်းခြံမြို့၌ ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 17,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲကျင်းပ
Dec 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာကန် ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ် နိုးသူများ တက်ရောက်ကြသည်။
ပျော်ဘွယ်မြို့နယ်၊ မိုးနံကုန်းကျေးရွာတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 17,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မိုးနံကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂၅) အခြေခံပညာအလယ် တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Dec 17,2023
ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြား နိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ