သတင်းများ

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 22,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် “စီမံခန့်ခွဲမှုလုပ်ငန်းတွေ အောင်မြင်စေမယ့် လျှို့ဝှက်ချက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား မွေးမြူရေးဇုံ ဖော်ထုတ် ဆောင်ရွက်မည့်လုပ်ငန်းအပေါ် လျှောက်ထားနိုင်ရေး ခေါ်ယူအသိပေးရှင်းလင်းပွဲကျင်းပ
Dec 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား ပြည်ခရိုင်၊ ပြည်မြို့နယ် တုံးရေသစ်တောကြိုးဝိုင်းဧရိယာအတွင်း မွေးမြူရေးဇုံဖော်ထုတ်ဆောင်ရွက်မည့်လုပ်ငန်းအပေါ် လျှောက်ထားနိုင်ရေး ခေါ်ယူအသိပေး ရှင်းလင်းပွဲကျင်းပခဲ့သည်။
မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Dec 22,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် အဆောင်(၁) အစည်းအဝေးခန်းမ၌ Online ဖတ်ခြင်းနှင့် ပင်မဆောင် ငွေရတုခန်းမတွင် Offline ဖတ်ခြင်းဟူ၍ နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Dec 22,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်  တောင်ငူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာန၌ လစဥ် ၂၁ ရက်နေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။
ကျောက်ဆည်မြို့နယ်တွင် စပါယ်တောကျေးရွာတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာ တောင်သူဦးကျော်သိန်းစိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နေ ဒေသခံပြည်သူများအတွက် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နေ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် တပ်မတော်သားများနှင့်မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့်တပ်မတော်စက်ရုံထုတ် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များက လိုအပ်သည်များ လာရောက်လှူဒါန်း
Dec 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းမြို့အသီးသီးတွင်ရောက်ရှိနေကြသည့်  ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်  လိုအပ်သည်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့မှ စေတနာရှင် အလှူရှင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့  နံနက်ပိုင်းတွင် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်တွင် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆောင်းကုလားပဲသီးနှံများ နတ်မောက်မြို့နယ်တွင် စိုက်ပျိုး
Dec 22,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကုလားပဲသီးနှံများကို ဒီဇင်ဘာလပထမပတ်မှစ၍ စိုက်ပျိုးခဲ့ရာ ယခုအခါ စိုက်ပျိုးမှုပြီးစီးသလောက် ရှိနေကြောင်း သိရသည်။