သတင်းများ

အခြေခံကျောင်းသား အားကစားပွဲတော် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆို
Dec 17,2023
နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲများရရှိခဲ့သည့် ကရင်ပြည်နယ် ကျောင်းသားအားကစားသမားများသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲ (၄) နာရီခန့်က ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစား ဝါသနာရှင်များက မြို့အဝင်မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လာအိုနိုင်ငံကိုယ်စားလှယ်အဖွဲ့ လာရောက်ဖူးမြော်
Dec 17,2023
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်သို့ (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လာအိုနိုင်ငံ Ministry of Planning and Investment, Deputy Minister Mme. Phoneuanh Outhavong ပါ (၅) ဦးအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းတွင် ဘုရားဖူးမြော်ရန် ရောက်ရှိရာ ဧည့်သည်တော်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်၊ ဦးစိန်သန်း၊ ဦးမျိုးမြင့်နှင့် ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းတို့မှ ကြိုဆိုခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒွါဒသမတန်း Grade-12 စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲ သန်လျင်၌ ကျင်းပ
Dec 17,2023
သန်လျင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း Grade-12 စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ငဖဲမြို့နယ်တွင် ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် ကောက်ညှင်းကျည်တောက်(ခ) တင်းဝါးများ ရောင်းအားကောင်း
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် မြို့အဝင် ကားလမ်းဘေးတွင်နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ကောက်ညှင်းကျည်တောက်(ခ)တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ၊ အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲ အခမ်းအနားအား တက်ရောက်
Dec 17,2023
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
တာချီလိတ် ဘောလုံးအကယ်ဒမီအသင်းနှင့် ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်း ယူနိုက်တက်အကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ပထမပွဲစဉ်ဖြစ် အသက် (၁၄/၁၅) နှစ်အောက်နှင့် ဒုတိယပွဲစဉ်ဖြစ် အသက် (၁၃/၁၄) နှစ်အောက် ခြေစမ်းပွဲကို ဒီဇင်ဘာလ (၁၆) ရက် မွန်းလွှဲပိုင်းက တာချီလိတ် မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
လွိုင်လင်-ပင်လုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Dec 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်-ပင်လုံ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံး‌ဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ အဆမတန်ရောင်းချမှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် လွိုင်လင်ခရိုင် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူချက်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့က ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။