ပျော်ဘွယ်မြို့နယ်၊ မိုးနံကုန်းကျေးရွာတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၇

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မိုးနံကုန်းကျေးရွာ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးသမား ဘဝသို့မရောက်စေရန်အတွက် မိဘများမှ သတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစီးပေးသင့်သည့် အခြေအနေများ၊ မိဘနှင့် သားသမီးကြားဆက်ဆံရေး အကြောင်းအရာများ၊ လမ်းမှန်ပေါ်ရောက်ရှိ စေရန် ထိန်းကြောင်းပေးရမည့်အခြေအနေ များကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက် အသိပညာပေး နံရံကပ်စာစောင်ကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)