သတင်းများ

စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး လိုက်လံနိူးဆော်
Dec 19,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ည (၇:၀၀)က လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ပေးအပ်
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၁၁း၀၀)နာရီက မြစိမ်းရောင် (အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေပေးအပ်ပွဲကို ကျင်းပခဲ့သည်။
မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ခရိုင်ဘဏ်ခွဲမှ ဆောင်းသီးနှံ ၂၁၇၉ ဧကအတွက် ငွေကျပ် သိန်း ၂၀၀၀ ကျော် ထုတ်ချေးထား
Dec 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ခရိုင်ဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများ၏ (၂၁၇၉)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ငွေကျပ် ၂၁၇,၉၀၀,၀၀ဝိ/-သိန်းကို ထုတ်ချေးပေးထားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 19,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်နေမှု ၂၄ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီး
Dec 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားများကို မြို့အလယ်တွင် ခန့်ညားတင့်တယ် ထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဆောက်လုပ်လျက်ရှိရာ ယနေ့အထိ တည်ဆောက်ရေး လုပ်ငန်းအားလုံး ၂၄ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ
Dec 19,2023
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြိတ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး  အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 19,2023
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချသုံးစွဲမှု လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ်  ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  ငှက်ပျောဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ ဒီဇင်ဘာနံနက် (၈)နာရီမှ (၉)နာရီအချိန်အတွင်း ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကန့်လန့်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Dec 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးသည့် ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။