သတင်းများ

လားရှိုးမြို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်အတွင်းစိုက်ပျိုးသော သံပုရာသီးများ ယခင်နှစ်ထက် ဈေးပို
Dec 19,2023
လားရှိုးမြို့ရှိ စားဖိုဆောင်သီးနှံဈေးကွက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသထွက် သံပုရာသီးများ ရောင်းကောင်းလျက်ရှိနေပြီး ယခင်နှစ်ထက်ဈေးပိုရရှိနေကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 19,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရန် လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်နှင့် အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်ပြီး (Book Club) အဖွဲ့ဝင်များက စာရေးဆရောချစ်နိုင် (စိတ်ပညာ) ၏ လူငယ်နှင့် ကြီးပွားရေးအား ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
ဖျာပုံမြို့နယ်၊ အလက(ဂျိုဝါကြံခင်း)ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ
Dec 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း"ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က ဖျာပုံမြို့နယ် အလက(ဂျိုဝါကြံခင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အုတ်ဖိုမြို့တွင် မြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေး လိုက်လံစစ်ဆေး
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့မစျေးတွင် မီးသုံးစွဲမှုစနစ်တကျ ရှိစေရေး မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် စစ်ဆေးမှုများကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့ကြသည်။
ပန်းတောင်းမြို့နယ် ဆုတောင်းပြည့်နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်၊ ပေါ်တော်မူရှင်ဖြူမြတ်စွာဘုရားကြီး၏ ပရဝုဏ်အတွင်း၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်မြေဘုံစျာန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယအရှင်သူမြတ်ကြီးမှူး၍ (၇)ရက်သားသမီး အများကောင်းမှုဖြင့် စုပေါင်းတည်ထားကိုးကွယ်သော ပန်းတောင်းမြို့ ဆုတောင်းပြည့် နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေက ဇာတင်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါပရဝုဏ်အတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 19,2023
ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့က မြို့နယ်စာရေးဆရာအသင်း၊ (Book Club)အဖွဲ့ဝင်များ၊ (Women Club)အဖွဲ့ဝင်များ၊ စာ​ပေချစ်မြတ်နိုးသူဝါသနာရှင်များနှင့်ပူးပေါင်း၍ စာရေးဆရာကြီး ရွှေဥဒေါင်း ရေးသားထားသော "အဟာရနှင့်ကျန်းမာရေး" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်၊ လဲလူကျေးရွာတွင် စိုက်ပျိုးထားသည့် ဖရဲစိုက်ခင်းနှင့် မိုးစပါးစံပြကွက်စိုက်ခင်း ရိတ်သိမ်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ
Dec 19,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ လဲလူ ကျေးရွာအနီး "ဘိုမြင့်သူကုမ္ပဏီနှင့် ဒေသခံတောင်သူအကျိုးတူ ဖရဲစိုက်ခင်းနှင့် မြို့သစ်မြို့နယ် မင်းရပ်ကွက်(ယင်းနားကုန်းကျေးရွာ) ကွင်းအမှတ်(၂၆၀၈-ခ)၊ ဦးပိုင်အမှတ် -၉၃ / ၁၊ ဧရာမင်းစပါးမျိုး (RS-CS)မျိုးစေ့ထုတ်စံပြကွက်သို့ ရောက်ရှိကာ ဒေသခံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံခဲ့သည်။