စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး လိုက်လံနိူးဆော်

စမ်းချောင်း ဒီဇင်ဘာ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့(:၀၀)က လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့  ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှုး ဦးမိုးကျော်ဥိး  ဦးဆောင် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး နှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင် လူစောင့်မရှိဘဲ မီးဖိုများအသုံးမပြုကြရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ မထားကြရန်၊ မီးလောင်လွယ်သော ဓာတ်ငွေ့နှင့် သိုလှောင်ဆီများကို တရားမဝင် သိုလှောင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့မီးများနှင့် ချက်ပြုတ်သုံးစွဲပြီး လုပ်ငန်းများလုပ်ကိုင်ပြီးပါက ခလုတ်များ ပိတ်ထားကြရမည်ကို သတိပြုကြရန်၊ လျှပ်စစ်ဓာတ်အားသုံး ဝါယာကြိုးများအား ခံနိုင်ရည်ထက် ကျော်လွန်စွာ ဝန်နှင့်အားမမျှ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီ  သတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား လိုက်လံ နှိုးဆော်ပေးမှုများ  ဆောင်ရွက်‌နေကြောင်း သိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                         

ဖြူသွယ်ထွန်း