မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ခရိုင်ဘဏ်ခွဲမှ ဆောင်းသီးနှံ ၂၁၇၉ ဧကအတွက် ငွေကျပ် သိန်း ၂၀၀၀ ကျော် ထုတ်ချေးထား

မင်းဘူး  ဒီဇင်ဘာ  ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ခရိုင်ဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများ၏ (၂၁၇၉)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ငွေကျပ် ၂၁၇,၉၀၀,၀၀ဝိ/-သိန်းကို ထုတ်ချေးပေးထားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကိုသာ ဦးစားပေး ထုတ်ချေးပေးလျက်ရှိပြီး စိုက်ပျိုးမည့် သီးနှံများဖြစ်သော နေကြာ (၅၄၂) ဧက၊ ပဲလွန်း (၆၀၁) ဧက၊ ငရုတ် (၇၉၆) ဧက၊ ပဲတီစိမ်း (၁၆၆) ဧကနှင့် မြေပဲ (၇၄) ဧကဖြစ်၍ ဆောင်းသီးနှံဧကပေါင်း (၂၁၇၉) ဧကတို့အတွက် ငွေကျပ် ၂၁၇,၉၀၀,၀၀ဝိ/- သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံဖြိုးရေးခရိုင်ဘဏ်ခွဲမှ ယခုနှစ် ဆောင်းသီးနှံချေးငွေကျပ် ၂၆၉,၅၀၀,၀၀ဝိ/- သိန်း ထုတ်ချေးပေးရန် လျာထားလျက်ရှိပြီး၊ ထုတ်ချေးပေးရန်ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးနေလင်းထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)