သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆) ပြည့်စုံစေရန် ဖြည့်သွင်းခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 18,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှုးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုစာရင်းပုံစံ (အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်များ ဖြည့်စွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ပြည်စုံစေရန် ရေးသွင်းခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။
ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ပါသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပန်းကြယ်သီးထိုးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား
Dec 18,2023
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် Women Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပန်းကြယ်သီးထိုးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 18,2023
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများနှင့် ရုံးဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ငှားရမ်း‌ပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ(၅၀)ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Dec 18,2023
ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်  အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီက မကွေးမြို့ရှိ Win Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လက်ရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက် စာငှားစနစ်ဖြင့်
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 18,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ဆိပ်ဖြူမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိ
Dec 18,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေနှင့် ကိုင်းစိုက်ပျိုးမြေတို့၌ ငှက်ပျောပင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများ ငှက်ပျောပင်စိုက်ပျိုးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကာ မိသားစုအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။