သတင်းများ

ပညာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ
Dec 20,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပညာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းဝေးခန်းမ၌ ကျင်းကပြုလုပ်ခဲ့သည်။
ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မိုင်းစိတ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်
Dec 20,2023
ခေတ်မီစံပြကျေးရွာ(Smart Village)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ
Dec 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ် သာဓုကန်ကျေးရွာ၌ VRFP စီမံကိန်း ချေးငွေထုတ်ပေးနိုင်ရေး အသိပေးရှင်းလင်း
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သာဓုကန်ကျေးရွာ၌ ချေးငွေထုတ်ချေးပေးနိုင်ခွင့်ရှိသည့်  ချေးငွေအောင်မြင်သူများအား ချပြရှင်းလင်းခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Dec 19,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ငပုတောမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးတွင် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Dec 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဌာနတွင်း မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူငြိမ်းသတ်နိုင်ရေးအတွက် ငပုတောမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူုးရေးလုပ်ငန်းရုံးတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 19,2023
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Dec 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးပေါ့ဆမှုမရှိစေရေး၊ မီးလောင်မှု လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာကို ယနေ့နေ့လည်(၁၂)နာရီအချိန်က လမ်းမတော်လမ်းမကြီးနှင့် ရွှေတောင်စုမြို့ဝင်ကားလမ်းဘေးရှိ လူစည်ကားသောနေရာတွင် စိုက်ထူကြသည်။