သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဦးတင်အေးနှင့်အဖွဲ့ဝင်များ လမ်းကတ္တရာပြုပြင်ခြင်း၊ တံတားအပေါ်ထည်ပြုပြင်ရန် လုပ်ငန်းပစ္စည်းများစုဆောင်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Dec 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဦးတင်အေးနှင့် အဖွဲ့ဝင်များ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က လမ်းကတ္တရာပြုပြင်ခြင်း၊ တံတားအပေါ်ထည်ပြုပြင်ရန် လုပ်ငန်းပစ္စည်းများစုဆောင်းမှု အခြေအနေအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ပြီးမြောက်မှု အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
Dec 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံမွမ်းမံပြင်ဆင် ပြီးမြောက်မှု အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်တွင် အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ အ​ခြေခံပညာ ဆရာ၊ဆရာမများ အင်္ဂလိပ်စာအရည်အ​သွေးမြှင့်တင်​ရေး သင်တန်း ဖွင့်လှစ်
Dec 24,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ​ခြေခံပညာ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အ​သွေးမြှင့်တင်​ရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက(မိုင်းဖြတ်) ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်ပွဲကျင်းပ
Dec 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ကြာနီကန်)ကျောင်းတွင် ယမန်နေ့နံနက်(၉း၀၀)နာရီက Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်လှစ်ခဲ့သည်။
မင်းလှမြို့နယ် ‌ဒေါင်းဘုတ်ကျေးရွာတွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါင်းဘုတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန်းရွှေစက်တော်ဘုရားပွဲကျင်းပရန် မန်းချောင်းသောင်ပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှု ၃၃ ရာခိုင်နှုန်းကျော် ပြီးစီး
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရန် မန်းချောင်းသောင်ပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းအားလုံး ၃၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မောက်မယ်မြို့နယ်၌၂၀၂၃−၂၀၂၄ပညာသင်နှစ် Grade-5သင်ရိုးသစ်၊စာမေးပွဲဆိုင်ရာ နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်
Dec 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက် လေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၃−၂၀၂၄ ပညာသင် နှစ်အခြေခံ မူလတန်းအဆင့် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ခြင်းကို အခြေခံပညာမူလတန်းကျောင်း(မွေတော်)၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်)လူထု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ
Dec 24,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့် နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက် ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။