တောင်ငူမြို့၌ ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တောင်ငူ  ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။

ဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အထက (၄) ဘင်ခရာသင်တန်းဆင်းအဖွဲ့နှင့် အထက (၅) ပန်းပွားသင်တန်းဆင်းအဖွဲ့များက ဂါရဝနှင့် နိုင်ငံတော်သီချင်း တီးလုံးတီးမှုတ်ခြင်း၊ မြန်မာ့ကျောင်းသီချင်း၊ အာရှမြန်မာသီချင်းနှင့် သင်္ကြန်မိုးသီချင်းတို့ဖြင့် တီးမှုတ် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဘင်ခရာသင်တန်းနည်းပြများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းက သင်တန်းဆင်းကျောင်းသားကျောင်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို (၆-၁၀-၂၀၂၃) ရက်နေ့မှ (၃၁-၁၂-၂၀၂၃) ရက်နေ့အထိ ​ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)