နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားများလာ‌ ရောက်မှုများပြား

ညောင်ဦး  ဒီဇင်ဘာ  ၃၁

နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းခရီးသွားများ များပြားခဲ့ကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့် ဦးထံကသိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားကြီးများနှင့် သာသနကအဆောက်အဦ၊ ဘုရား၊ စေတီ၊ ပုထိုးများတွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးများ နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်သူများပြားခဲ့ရာ ဒေသခံ အိုဝေ အငှားလိုက် သူများ၊ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike အငှားသမားများ၊ လက်အလှပန်းချီဆွဲသူများ၊ ထမင်း၊ ဟင်းရောင်းချကြသူများ၊ ဘုရားများတွင် ရောင်းချနေသည့် ဈေး သည်များ နှစ်သစ်ကူး ရုံးပိတ်ရက်၊ အားလပ်ရက် ဈေးဝယ်သူများပြားကာ ဈေးရောင်းကောင်း ကြကြောင်းလည်း သိရသည်။ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မုံရွာမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ ပဲခူးမြို့၊ မကွေးမြို့၊ မိတ္ထီလာမြို့၊ သာစည်မြို့၊တောင်ကြီးမြို့၊ဟိုပုံးမြို့၊တောင်သာ ၊ကျောက်ပန်းတောင်း၊နတ်မောက်၊တောင်တွင်းမြို့များမှ ဘုရားဖူးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက် စိတ်သစ်လူသစ်ဖြင့် ပုဂံ ဘုရားများ လာရောက်ဖူးမြှော်ခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဘုရားဖူးလာရောက်သည့် ကျောက်ပွဲစား ဒေါ်ချိုနွယ်အေးကပြောကြားသည်။

ဒီပါလင်း