တွံတေး ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့်(Grade-5/9)မေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲနှင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက(Grade-5/9)မေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာများ အကျယ်တဝင့်ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး (Grade-5/9)မေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာများကို ဘာသာရပ်အလိုက် နည်းပြဆရာ၊ ဆရာမများက ပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ(Grade-5/9)မေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းဆိုင်ရာထပ်ဆင့်ရှင်းလင်းပွဲသို့ Grade-5 အတွက် သင်တန်းသား၊ ဆရာ၊ ဆရာမ(၂၂၀)ဦးကို နည်းပြဆရာ၊ ဆရာမ(၂၅)ဦးကလည်းကောင်း၊ Grade-9 အတွက် မြန်မာစာဘာသာရပ်တွင်(၅၆)ဦး၊ အင်္ဂလိပ်စာတွင်(၅၆)ဦး၊ သင်္ချာတွင်(၅၅)ဦး၊ ပထဝီတွင်(၅၇)ဦး၊ သမိုင်းတွင်(၄၆)ဦး၊ သိပ္ပံတွင်(၅၆)ဦး စုစုပေါင်း(၃၂၆)ဦးကို ဘာသာရပ်အခန်းများခွဲကာ နည်းပြဆရာ၊ ဆရာမ(၆)ဦးက သင်ကြားရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
တွံတေးသား