(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

သပိတ်ကျင်း  ဇန်နဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ် (၇)မိုင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၊ RCC နှစ်ထပ် ကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ၂၀၂၁-၂၀၂၂မှ စတင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသောအဖိုးတန်လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးမည့် ပညာရေးဝန်းကျင်တွင် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအလေးထားဆောင်‌ရွက်လျက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် အဆောက်အ‌ဦးများဆောက်လုပ်ပေးခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင့်ရှောက်ရန်လိုကြောင်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်က RCC (၂)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရ ခြင်းရည်ရွယ်ချက်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ ရပ်မိရပ်ဖ ဦးခင်မောင်သိန်းကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြသည့် အလှူရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စု အစိုးရခွင့်ပြုရန်ပုံငွေကျပ်( ၃၂၈.၈၁၉) သန်းဖြင့် အလျားပေ (၁၄၀× အနံ ၃၀")ရှိ RCC နှစ်ထပ်ကျောင်းဆောင်သစ်ကို တိုးချဲ့ဆောက်လုပ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)