ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ ဘဲဥ၊ ကြက်သားနှင့်ငါးများရောင်းချပေး

ရွှေပြည်သာ ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများသို့ ဆီ၊ ကြက်ဥ၊ သားငါးများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းရှိဝန်ထမ်းများအား ကြက်ဥ၊ ဘဲဥ၊ ကြက်သားနှင့်ငါးများကို ဈေးနှုန်းချိုသာစွာရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးနှင့် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ကြက်ဥအလုံး ၁၂၀၀၊ ဘဲဥအလုံး ၅၄၀၊ ကြက်သား၂၁.၃၆ ပိသာ၊ ငါး ၁၉.၇၆ ပိသာတို့ကို‌ ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)