မိုင်းရယ် ဇန်နဝါရီ ၂
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း စိုက်ပျိုးထားသော ယာသီးထပ်ဆောင်းမြေပဲ (၅) မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် တစ်ဧက အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ယာသီးထပ်ဆောင်းမြေပဲများ စိုက်ပျိုးထားရှိမှုအခြေအနေ၊ ပြုစုပျိုးထောင်ခြင်းနည်းလမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအကျိုးစီးပွားအတွက် ရည်ရွယ်၍ ရေရှည်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းသည်။
အဆိုပါ စိုက်ပျိုးရေးရုံးဝင်းအတွင်း စိုက်ပျိုးထားသည့် ယာသီးထပ်ဆောင်းမြေပဲ (၅) မျိုး မှာ မကွေး ၁၀/၁၂/၁၅၊ ဆင်းပဒေသာ ၆ နှင့် ဂျပန်လေးတို့ဖြစ်ပြီး မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးသည့် ယာသီးထပ်ဆောင်းမြေပဲမျိုးမှာ မကွေး ၁၂ နှင့် ဂျပန်လေး (၂) မျိုးသာ စိုက်ပျိုးကြောင်းနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်မှ ထွက်ရှိလာသည့် မြေပဲမျိုးများကို ဒေသတွင်းတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်(ပြန်/ဆက်)