ဥတ္တရသီရိမြို့နယ်တွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ဥတ္တရသီရိ ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊  ပိုးစာတောကျေးရွာ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း ကို ယမန်နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်နှင့် တာဝန်ရှိသူများက လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်၂၀၀၀၀ဝ/-၊ ဘေးသင့်လူဦးရေ ၄ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၈၄၀ဝိ/-၊ ဒဏ်ရာရလူနာ ၁ ဦးအတွက် ထောက်ပံ့ငွေ ၅၀၀၀ဝိ/- စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၅၈၄၀ဝိ/-နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စုတစ်စုစာတို့ကို ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)