သတင်းများ

ငါန်းဇွန်မြို့၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရသာသနဗိမာန်၌ ယနေ့နံနက် ၈ နာရီအချိန်က ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
နယ်လှည့်စာဌား စာအုပ်ပြပွဲဆောင်ရွက်
Jan 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက လဟယ်မြို့ မီးသတ်ဦးစီးဌာနရုံးရှိ အရာထမ်းအမှုထမ်းများအား နယ်လှည့်စာဌားစာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် အဆိုပါရုံးသို့ သွားရောက်ပြုလုပ်ပါသည်။
ထုံးကျောက်တူးဖော်ထုတ်လုပ်‌ရေးလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ‌ လေ့လာဆန်းစစ်ချက် ပြုလုပ်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စု ကွင်းပြင်ဒေသတွင် မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ ထုံးကျောက်တူးဖော်ထုတ်လုပ်‌ရေးလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ‌ လေ့လာဆန်းစစ်ချက် ပြုလုပ်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်
Jan 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ပင်မဆောင်၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဗိုလ်ဗျိုင်းကြီးကျောင်းမိသားစု ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဗိုလ်ဗျိုင်းကြီးကျောင်းမိသားစု၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်၌ အသံမစဲ ဥပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jan 09,2024
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသံမစဲဥပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အလယ်ကျောင်းစာသင်တိုက်၊ သီရိအောင်လှိုင် ဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်သာမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ
Jan 09,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် (ဧပြီမှမတ်လအထိ)အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။