ကျွန်းလှမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျွန်းလှ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွည်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း လေးသင်းပါဝင်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုပွဲ၌ အနော်ရထာအသင်းနှင့် ကျန်စစ်သားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်စစ်သားအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘရီနှင့် တာဝန်ရှိသူတို့က ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် ဘောလုံးအသင်း များအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ