(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်‌ ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ပြီး ဆုရရှိသည့် အားကစားအသင်းများကို ဆုများချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ယနေ့အားကစားပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်းနှင့်ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲများ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် ဌာနပေါင်းစုံလွန်ဆွဲပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲများကို အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများမှ တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသော ပြိုင်ပွဲဝင်အသင်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)