၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပေါင်းတည် အချုပ်ထောင်မှ အကျဉ်းသား ၁၁၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပေါင်းတည် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁/၂၀၂၄) ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-ကျင့် ၄၀၁(၁)အရ ၂၀၂၄ ခုနှစ်၊ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ် ဇန်နဝါရီလ ၄ ရက်နေ့က ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား ၁၁၆ ဦးနှင့် အကျဉ်းသူ ၆ ဦး စုစုပေါင်း ၁၂၂ ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါင်းတည်အကျဉ်းထောင် ဧည့်ရိပ်သာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်ဇော်ထွန်းနှင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးကျော်လွင်ဦးတို့က လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား​ တွေ့ဆုံဆုံးမသြဝါဒစကားများ ပြောကြားကာ မွန်းလွဲ ၁၂ နာရီခွဲတွင် သက်ဆိုင်ရာနေရပ်သီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)