ပေါင်းတည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.ကခွဲ (ပေါက်တန်း) တွင် ကျင်းပခဲ့သည်။
ဦစွာ Grade. 11 ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းသံပြိုင်သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောကိုယ်စား မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာအရာရှိ ဒေါ်မြင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် အ.ထ.ကခွဲ (ပေါက်တန်း) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍တာဝန်ခံဆရာမဒေါ်ခင်သန္တာဝင်းမှ ငွေစာရင်းရှင်းတမ်းကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဂုဏ်ပြုလွှာများ၊ စာပေဆုများ၊ အားကစားဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီးနောက် Grade.11 ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)