ဝါးခယ်မ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ ဂင်္ဂါရာမလမ်းရှိ စက်ရုံဓမ္မရိပ်သာ ကျောင်းတိုက်သို့ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တဝိဿုတ (နိဂြောဓာရုံညောင်ပင်သာ ကျောင်းတိုက်၊ ပုသိမ်မြို့)၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသံဝရာဘိဝံသ (ရွှေရေးဆောင်ကျောင်းတိုက်၊ ငါးသိုင်းချောင်းမြို့)၊ အဖွဲ့ဝင် ဘဒ္ဒန္တနန္ဒိယ (ကွင်းကျောင်း ကျောင်းတိုက်၊ အိမ်မဲမြို့)၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်များ ဖြစ်ကြသည့် ဘဒ္ဒန္တပညာသီဟ (အလယ်တော်ရကျောင်းတိုက်၊ မြောင်းမြမြို့)၊ ဘဒ္ဒန္တအဂ္ဂဝံသ (မိုးညို ကျောင်းတိုက်၊ မော်လမြိုင်ကျွန်းမြို့)၊ ဘဒ္ဒန္တကေသရ (ဘုရားကုန်းကျောင်းတိုက်၊ လပွတ္တာမြို့)၊ ဘဒ္ဒန္တပညာစာရ (မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ ဝါးခယ်မမြို့)၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တခေမာစာရ (ကွမ်းခြံကုန်းကျောင်းတိုက်၊ ဝါးခယ်မမြို့)တို့ အမှူးပြုသော ဆရာတော် (၁၁)ပါးသည် ကျောင်းတိုက်အသီးသီးမှ ရောက်ရှိလာပြီး မြောင်းမြခရိုင်အတွင်း လစ်လပ်နေသော နိုင်ငံတော်ဩဝါဒစရိယဆရာတော် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပရာ ဘဒ္ဒန္တဝိဿုတ နှင့် ဘဒ္ဒန္တသံဝရာဘိဝံသတို့ အမှူးပြုသော ဆရာတော်(၁၁)ပါး၊ ဧရာဝတီတိုင်းဒေသကြီး သာသနာရေး ဦးစီးမှူး ဦးဇော်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် တာဝန်ရှိသူ များ၊ မြို့မိမြို့ဖများ၊ ဒါယကာ၊ ဒါယိကာမများ၊ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာတော် ဘဒ္ဒန္တဝိဿုတ၊ အခမ်းအနားမှူးအဖြစ် ဆရာတော် ဘဒ္ဒန္တနန္ဒိယတို့က ဆောင်ရွက်ပြီး နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ သဘာပတိဆရာတော်က ဩဝါဒကထာ မြွက်ကြားခြင်း၊ ဆရာတော် ဘဒ္ဒန္တပညာစာရမှ နိုင်ငံတော် ဩဝါဒစရိယဆရာတော်၏ ဂုဏ်အင်္ဂါအရည်အချင်းနှင့် ကိုက်ညီသော စက်ရုံဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမန (အဘိဓဇမဟရဌဂုရု) အား အဆိုတင်သွင်းခြင်း၊ ဆရာတော် ဘဒ္ဒန္တကေသရမှ ထောက်ခံခြင်း၊ ဆရာတော်များက ဘဒ္ဒန္တသုမန၊ သက်တော် (၈၄)နှစ်၊ သိက္ခာတော် (၆၄)ဝါ၊ (ဘ) ဦးရွှေရင်၊ ၁၄/၀ခမ(သ)၀၀၀၄၂၀၊ သုဓမ္မာ၊ ပဓာနနာယကဆရာတော်၊ စက်ရုံဓမ္မရိပ်သာကျောင်းတိုက် အား နိုင်ငံတော်ဩဝါဒစရိယဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း၊ သဘာပတိ ဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)