ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရွှေကူညီမိုးကုတ်ရိပ်သာ၊ ပတ္တမြား ရတုဓမ္မဗိမာန်တော်ကြီးတွင် ယနေ့ နံနက်(၉)နာရီက သီရိလင်္ကာနိုင်ငံ၊ ကေသလနိယ တက္ကသိုလ်မှ M.A(Buddhism) ဘွဲ့နှင့် အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့၊ (Swami Viviekanand Subharrti University)မှ M.phil (Master of Philosophy)ဘွဲ့၊ Ph.D(Doctor of Philosophy) ဒေါက်တာဘွဲ့ ရရှိတော်မူသော ဒေါက်တာ အရှင်ပညောဘသအား ဂုဏဝိသိဌ- ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား နမောသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားရှိခိုးဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဟိတကာရီကျေုာင်း ဆရာတော်ဘဒ္ဒန္တမှ ဒေါက်တာအရှင်ပညောဘသအား ဂုဏဝိသိဌ- ဂုဏ်ပြုပူဇော်ပွဲအား ကြွရောက်ရန် ပင့်ဆောင်ပြီး မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရ ဆရာတော်ကြီးထံမှ ငါးပါးသီလနှင့် ဩဝါဒသာရဏီယကထာ နာယူကြည်ညိုကာ ဆရာတော်အရှင်ပညာသာမီ မယ်ဇယ်ပင် ပညာလင်္ကာရစာသင်တိုက် ဆရာတော်မှ ဒေါက်တာ အရှင်ကညောဘာသ၏ ထေရုပတ္တိကို ဖတ်ကြား သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဓမ္မစကူးလ်ကော်မတီ၊ အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တ အဂ္ဂသာရနှင့် သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism) သီရိလင်္ကာနိုင်ငံ၊ ကေသလနိယ တက္ကသိုလ်မှ M.A (Buddhism)ဘွဲ့နှင့် အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့၊ (Swami Viviekanand Subharrti University)မှM.phil(Master of Philosophy)ဘွဲ့၊Ph.D(Doctor of Philosophy) ဒေါက်တာ ဘွဲ့ရရှိတော်မူသော ဒေါက်တာအရှင်ပညောဘသ တို့ရေးစပ်တော်မူသော ပိုဒ်စုံရတု၊ ရှစ်ဆယ်ပေါ်တေး ထပ်နှင့် ပျော်စရာကောင်းတဲ့ ဓမ္မစကူးလ်ကျောင်း တေးသီချင်းများကို အဆိုတော် တေးသံရှင် မေသက်ထားဆွေမှ သီဆိုပြီး သီရိလင်္ကာနိုင်ငံ၊ကေသလနိယ တက္ကသိုလ်မှ M.A(Buddhism)ဘွဲ့နှင့် အိန္ဒယနိုင်ငံ၊ နယူဒေလီမြို့၊ (Swami Viviekanand Subharrti University)မှM.phil(Master of Philosophy)ဘွဲ့၊ Ph.D (Doctor of Philosophy) ဒေါက်တာဘွဲ့ရရှိတော်မူသော ဒေါက်တာ အရှင်ပညောဘသမှ ပညာရေးခရီးအတွေံအကြုံများကို အကျဉ်းချုပ် ဟောပြောခဲ့ကာ ကျောက်ဆည်မြို့ မယ်ဇယ်ပင် ပညာလင်္ကာရစာသင်တိုက် ဆရာတော် ဘဒ္ဒန္တသာမိနှင့် ရှေကူညီဓမ္မစကူးလ်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးဝဏ္ဏအောင်တို့က ဂုဏပူဇာ တိုက်တွန်းလွှာနှင့် မုဒိတာစကာများ ပြောကြားခဲ့ကြောင်းနှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား အလှူရှင်များက လှူဘွယ် အစုစုနှင့် စတုပစ္စယဒါန နဝကမ္မဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောက်ဆည်မြို့ မင်းကုန်းမဟာ စာသင်တိုက်ကြီး၏ အဓိပတိဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသ ဆရာတော်ထံထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ကြောင်း သိရ သည်။
သက်မောင် ခရိုင် (ပြန်/ဆက်)